မောတောင်မြို့
မောတောင်မြို့ (အင်္ဂလိပ်: Mawdaung) သည် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ မြို့ဖြစ်သည်။တနင်္သာရီတိုင်းအတွင်း အရှေ့ဘက်အကျဆုံး နယ်စပ်မြို့ဖြစ်သည်။ ယခင်က ကျေးရွာတစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် နယ်စပ်မြို့အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ကျေးရွာအဆင့်ကတည်းကပင် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည်။ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်းလမ်းမကြီးမှ ခွဲထွက်၍ တနင်္သာရီတောင်တန်းကို ဖြတ်ကျော်ကာ ကားလမ်းဖောက်လုပ်ထားသည်။
မောတောင်မြို့ | |
---|---|
မြို့ | |
မြန်မာနိုင်ငံအတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 11°47′39″N 99°37′47″E / 11.79417°N 99.62972°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
ခရိုင် | မြိတ်ခရိုင် |
မြို့နယ် | တနင်္သာရီမြို့နယ် |
ဧရိယာ | |
• စုစုပေါင်း | ၇.၇၄၄ စတုရန်းကီလိုမီတာ (၂.၉၉၀ စတုရန်းမိုင်) |
လူဦးရေ (၂၀၂၀) | ၅,၁၇၈[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ပထဝီဝင်အနေအထား
ပြင်ဆင်ရန်တည်နေရာနှင့် အကျယ်အဝန်း
ပြင်ဆင်ရန်မောတောင်မြို့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည်။မြိတ်မြို့၏ အရှေ့ဘက် ၁၁၈မိုင် အကွာတွင် တည်ရှိသည်။ ဧရိယာစတုရန်းမိုင် ၂.၉၉ ကျယ်ဝန်းသည်။
နယ်နိမိတ်
ပြင်ဆင်ရန်မောတောင်မြို့၏ အရှေ့ဘက်တွင် ထိုင်းနိုင်ငံမှ ဆင်ခွန်းရွာ တည်ရှိသည်။ ထိုရွာသည် အမှတ် (၂) အာရှအဝေးပြေးလမ်းမကြီး၏ ထိုင်းနိုင်ငံအပိုင်းနှင့် (၁၅)မိုင်မျှသာဝေးသည်။
စီးပွားရေး
ပြင်ဆင်ရန်မောတောင်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိသော်လည်း တနင်္သာရီတောင်တန်းရှိ တိုင်းရင်းသားလက်နက်ကိုင်လှုပ်ရှားမှုများကြောင့် ပိတ်ထားခဲ့ရသည်များရှိသည်။[၂]မြိတ်-တနင်္သာရီ ဒေသများမှ ပို့ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတင်ပို့ရာ မြိတ်မြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေမိုင် ( ၂၇၆)မိုင်ကို ၂၄နာရီကြာသွားရသည်။ ထိုမှနေ၍ ထိုင်းနိုင်ငံ၏ အကြီးဆုံးငါးဈေးကွက်ဖြစ်သော မဟာချိုင်သို့ တင်ပို့ရာ စုစုပေါင်း မြိတ်မှ မဟာချိုင်သို့ ၃၁ နာရီခန့်ကြာမြင့်သည်။ မြိတ်-မောတောင်-ဆင်ခွန်းမှ တင်ပို့ပါက အချိန် (၇)နာရီခန့်သာ ကြာမြင့်သဖြင့် မောတောင်မြို့မှာ စီးပွားရေးအရ အရေးပါသည်။[၃][၄][၅]
ကိုးကား
ပြင်ဆင်ရန်- ↑ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ 13 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ထိုင်း-မြန်မာဆက်ဆံရေး တိုးမြှင့်ရန် နယ်စပ်မောတောင်ဂိတ်အား ဖွင့်လှစ်။
- ↑ အရှေ့ အနောက်ပင်လယ် ပေါင်းကူး ( သို့မဟုတ် ) မောတောင်။
- ↑ မြန်မာ-ထိုင်း နယ်စပ် မောတောင်မှ ကုန်ခြောက်များ၊ အေးခဲ ရေထွက်ကုန်များသာ ကုန်သွယ်မှု ပြုလုပ်နိုင်ပြီး လူအဝင်အထွက်ကို ထိုင်းဘက်က လက်မခံသေးကြောင်း သိရ။
- ↑ အလားအလာကောင်းပေမဲ့ မျှော်လင့်ချက်နည်းနေတဲ့ မောတောင်-ဆင်းခွန်နယ်စပ်ဂိတ်။